MM Flash Songs

Flash Music Social

ဒီတခါတော့ ငါ့နေရာနဲ့ နားနားဘေး က နာမည်နှစ်လုံးထဲနဲ့ ရပ်တည်နေတဲ့ တက်သစ်စ အဆိုတော် ဇေရဲ နှင့် ဗျူးကြည့်သော အခါမှာတော့ ယခုကဲ့သို့ ပြန်လည် ဖြေကြားထားပါပေတယ် ...

ကဲ ဗျူးထားတာလေးတွေ ခစားတော် မူကြပါဦးလား ခင်ညာ ။



Flashsongs လင့်


ဘာxဘာxဘာx Flashsongs လင့်
[ဟိုက်xရှယ်xပါx Flashsongs လင့်
[Game_Party Flashsongs လင့်
ဟိတ်xအချစ်ဆုံးxနေပါဦးx Flashsongs လင့်


Album တစ်ခုလုံးဒေါင်းရန်

 



အကိုရဲ့ နာမည်လေး မိတ်ဆက်ပေးပါဦး
ဇေရဲ ပါ
အသက်ကကော်
ဟဲဟဲ ဘယ်ပြောမလဲ သိချင် ၀ယ်ဖတ် တစ်စောင် ၇၅၀ ကျပ်
ဖြစ်ရမယ် ဂီတလောက ထဲသို့ ဘယ်နှစ်ခုနှစ်လောက် ဝင်ရောက်ခဲ့တာပါလည်း
ဟုတ်ကဲ့ ကျွန်တော် ၂၀၀၄-၂၀၀၅ လောက်က စပြီးတော့ ၀င်ခဲ့တာပါ

အကို့ ရဲ့ တေးစီးရီး ထွက်ဖို့ ရှိပါလား။ဟုတ်ကဲ့ ကျွန်တော် ရဲ့ လေးစားမှု ဆိုတဲ့ တစ်ကိုယ်တော် စီးရီး ကတော့ ၂၀၁၁ထဲမှာ ထွက်ပြီးပါပြီ........VCD အတွက် ဇန်န၀ါရီ လကုန်မှာ စပြီးလှုပ်ရှားတော့မှာပါ

အကို့ကို အွန်လိုင်းမှာ လူသိများခဲ့တဲ့ သီချင်းလေးကို ပြောပြပါဦးလား
ဟို အရင်တုန်းကတော့ အွန်လိုင်းချစ်သူ ဆိုတဲ့ သီချင်းကတော့ လူသိများမယ်ထင်တာပဲ ...ဒုတိယထပ်ပြီးသိတဲ့သီချင်းကတော့ ငါ့နေရာ ဆိုတဲ့ သီချင်းဖြစ်မယ်ထင်တယ်....နားနားဘေး မှာဆိုတဲ့ သီချင်း အွန်လိုင်းမှာကော အပြင်မှာကော ပေါက်မယ်ထင်တာပဲ....အဲသီချင်းကို ကျွန်တော် သူငယ်ချင်း လွှမ်းပိုင် နဲ့ ဆိုထားတာပါ

ငါ့နေရာ သီချင်းက 3 ပုဒ် တီး ထားတာနော် ဘာကြောင့်များလည်းအဲဒီ သီချင်းက ကျွန်တော် ရောင်းထားတဲ့သီချင်းပါ ဇေရဲ အနေကတော့ တစ်ပုဒ် ပဲ Featuring ၀င်ဆိုပေးထားတာပါ

ဟုတ်ကဲ့ ဆက်ပြီးတော့ အကို ဘာတွေများ လုပ်ဖို့ရှိပါလဲ ရှိုးပွဲတွေမှာကော် ဝင်ဆိုဖို့ရှိပါလား လက်တလော အနုပညာ လှုပ်ရှားမှူ့လေး သိပါရစေ ..... ။ပြီးခဲ့တဲ့ X-mas တုန်းကတော့ လွှမ်းပိုင် နဲ့ နားနားဘေးမှာ သီချင်းကို မျှော်စင်ကျွန်း ဆိုခဲ့ပြီး....New Year Show မှာတော့ ကိုရဲလေး.....ကိုကျော်ထွဋ်ဆွေ နဲ့ အတူ ကျွန်တော် ရဲ့ လေးစားမှု အခွေထဲ က သတိရညနေခင်း သီချင်းကို ဆိုခဲ့ပါတယ်.....လောလော ဆယ် Show ပွဲတွေဆိုဖို့ရှိတယ် သီချင်းသစ်တွေလုပ်နေတယ်လေးစားမှု VCD အတွက်ပြင်ဆင်နေတယ်

ကိုဇေရဲ ရဲ့အောင်မြင်မှူ့လမ်းစ အပေါ် ထင်မြင်ချက်လေးနဲ့ ဆက်ပြီး အကောင်အထည်ဖေါဖို့က ဘာတွေများ ပြင်ဆင်မှူ့ လုပ်ပြီးပါပြီးလည်း ။အရင်တည်း က အတွဲခွေတွေမှာတော့ဇေရဲ ကို ပရိတ်သတ်က တစ်ထောင့်တစ်နေရာကနေလက်ခံပေးကြပါတယ်...တစ်ကိုယ်တော် ခွေထွက်ပြီးတဲ့ နောက်ပိုင်း ပရိတ်သတ် ရဲ့ ဂရုစိုက်မှုကိုပိုပြီးလေးလေးနက်နက် ရရှိပါတယ်........အဲတော့ ကျွန်တော် နောက်ပိုင်းတွေမှာ သီချင်းတစ်ပုဒ်လုပ်ပြီဆိုရင် ပိုပြီ သေသေသပ်သပ် လုပ်ရပါတော့မယ်...ပေါ့လို့မရတော့ပါဘူး.(ပရိတ်သတ်အတွက်ပါ) :)

ပရိပ်သက်တွေ သိချင်နေပါရဲ့ (ကျွှန်တော်လည်းပါတာပေါ့) ကိုဇေရဲ ရဲ့ သီချင်းတိုင်းမှာက ခံစားချက်တွေ ပါနေသလို ပရိပ်သက်နဲ့ ထက်တူ ခံစား ရပါတယ် အကို့ရဲ့ ရင်ခုန်သံ လေး သိပါရစေဒါကတော့ ကျွန်တော်တင်မကပါဘူး အနုပညာ သမားတိုင်းက ကိုယ့်ရဲ့ အတွေ့အကြုံ ကိုယ့်ပတ်ဝန်းကျင်က သဘောသဘာဝ ကိုယ့်ရဲ့ လက်ရှိခံစားချက်တွေကို အနုပညာအဖြစ် ဖန်တီးကြတာပါ လိမ်ပြီဆိုရင်သိသာတယ် အဲသီချင်းက အရမ်းကို ပေါ့ပျက်ပျက် နိုင်သွားလိမ့်မယ် ကျွန်တော် ပရိတ်သတ်ကို ဘယ်တော့မှမလိမ်ပါဘူး

ဘယ်သီချင်းကို ပြောတာ ပါလည်း ။ကျွန်တော့ အနေနဲ့ကတော့ သီချင်းရဲ့ အဓိပ္ပါယ်ကို နားမလည်တုန်းက ဟိုကလေးဘ၀တုန်းက သီချင်းဖြစ်ရင် ပြီးရောဆိုပြီးလုပ်ခဲ့တာတွေကိုပြောတာပါ

ချစ်သူရှိပြီးပေါ့ (ဟုတ်စ)

ဟဲဟဲ အစ်ကိုကတော့ ကျွန်တော်ကို အစ်မေးနေပြီ...........ကျွန်တော်ကိုချစ်တဲ့ ချစ်သူတွေ ကျွန်တော် ချစ်တဲ့ ချစ်သူတွေက အများကြီးပဲ...............ဒါပေမဲ့ ၁၅၀၀ မဟုတ်ဘူး..............၅၂၈ နဲ့............ဟဲဟဲ..ဘယ်ရမလဲအဲလို့ပဲဖြေမှာပေါ့.....:P

:)



ဒါပေါ့ အဲ့လို မေးတော့ အဲ့လိုပဲ ဖြေမှာပါ (ဟိဟိ) 528 နဲ့ 1500 က ကိုဇေရဲအနေနဲ့ ဘာများ ကွာလည်းလို့ ထင်ပါလည်း ၅၂၈ ကအဖြူထည် ဗျ ၁၅၀၀ မှာ အာဘွားတွေ...ရှလူးတာတွေပါတယ် ဗို့အားချင်းကွာတာပေါ့ဗျာ....အစ်ကိုလဲသိမှာပါ

(မှန်ပါ့) ရင်ခုန်သံ အပိုင်းပြီးသွားရင် ရင်တုန်လိုင်း အလှည့်ပါ(ဟိ)
ဆိုခဲ့ပြီးသော သီချင်းတွေ အပေါ် စိတ်လှုပ်ရှားတာမျိုးတို့ ရှိုးပွဲမှာတုန်းက စိုးရိပ်တာမျိုးတို့ ဖြစ်ဖူးလား ။
စိုးရိမ်တာ စိတ်လှုပ်ရှားတာကတော့ ပရိတ်သတ်အပေါ် ကိုယ့်ရဲ့ သဘောထားပေါ့ ငါဒီသီချင်းလေးဆိုလိုက်ရင် ပရိတ်သတ်ကလက်ခံပါ့မလား ဆိုတဲ့ အတွေးမျိုးတွေနဲ့ Show ဆိုတိုင်းအဲဗား ရင်ခုန်နေဆဲပါ

အဲဗားက အမြဲတမ်းပါ ဆိုတော့ ဂီတလောကကို ဘယ်အခြေအနေထိ ရပ်တည်သွားမှာပါလည်းဂီတ လောကဆိုတာကျွန်တော်တို့ အိုမင်းသွားတဲ့အထိ မယိုင်မရွှဲ့ ပဲ ပုံမှန် အတိုင်းဆက်ပြီးရပ်တည်နေမှာဆိုတော့ ကျွန်တော်ကတော့ လုပ်နိုင်တဲ့ အထိလုပ်နေမှာပဲ ပါးစပ်က အသံထွက်နိုင်သေးတဲ့အထိလုပ်နေအုန်းမှာပါပဲ

ကိုဇေရဲ အနေနဲ့ တွဲဆိုမယ်ဆိုရင် ဘယ်လို အဆိုတော်မျိုးတွေနဲ့ ဆိုချင်ပါလည်း ကိုဇေရဲ လေးစားအားကျရသော အဆိုတော် ရှိပါလား ။စီနီယာ ဂျူနီယာတွေ အကုန်လုံးနဲ့တော့ အမြဲတမ်းလက်တွဲပြီးတော့ အလုပ်လုပ်ချင်ပါတယ် အကုန်လုံးကိုလေးစားပါတယ်

အသံပိုင်း အနေနဲ့ အထူးတလည် ဂရုစိုက်မှူ့တွေ ရှိပါလား ။
လောလောဆယ်အထိကတော့.....အထူးတလည်တော့မရှိသေးပါဘူး ။

ဟုတ်ကဲ့
ကိုဇေရဲ ရဲ့ သီချင်းတွေ အွန်လိုင်းပေါ် ဘယ်ချိန်လောက်က စရောက်ခဲ့တာပါလဲ။
အရင်တုန်းကတော့မသိဘူး ကျွန်တော်ကတော့ ၂၀၀၈ ခုနှစ်လောက်ကမှ အင်တာနက်ကိုစ ပြီးတော့ သုံးတာပါ ။
ဟုတ် ကိုဇေရဲ ခုလက်ရှိ နေရပ်လေးကို ပြောပြပေးပါဦး ။

၂၆ ပုလဲလမ်း ကျိုက္ကဆံရပ်ကွက် ဗဟန်းမြို့နယ် ရန်ကုန်မြို့ပါ ။




ဆက်သွယ်လို့ရနိုင်မဲ့ Email လိပ် ဖြစ်ဖြစ် ပရိပ်သက် အတွက်
ဒီ zayye08@gmail.com ကိုပဲအပ်လိုက်ပါ

ပရိပ်သက်ရဲ့ အမေးကို ဖြေပေးလို့ ရနိုင်မလား မသိဘူး ခင်ဗျာ
ကျွန်တော် အကုန်လုံးရဲ့ သိချင်တာ မှန်သမျှ ကို အတက်နိုင်ဆုံးဖြေပေနိုင်အောင် ကြိုးစားပါ့မယ်

ဟုတ်ကဲ့ခင်ဗျာ ပရိပ်သက်ထဲက ကောင်မလေး တစ်ယောက်က ကိုဇေကို မေးပေးပါ ဆိုလို့
ဘဝမှာ စိတ်ညစ်စရာတွေ ကြုံကြိုက်ရချိန်မျိုးမှာ ကိုဇေရဲ အနေနဲ့ ဘယ်လို စိတ်ထွက်ပေါက်မှူ့မျိုး ကိုဖန်တီး ယူပါလည်း
ဖုန်းနံပါတ်တွေကိုလိုက်နှိပ်ပြီး ကျွန်တော် သူငယ်ချင်းတွေ အနုပညာညီအစ်ကိုမောင်နှမတွေကို ဖုန်းလိုက်ဆက်တော့တာပဲ :P
တော်တော် ကောင်းတဲ့ အကြံ အိုင်ဒီယာပါပဲ ကျွှန်တော် အဲ့လိုမျိုး စိတ်ညစ်တဲ့ အခါနဲ့ ကြုံလို့ ဖုန်းလိုက်ဆက်နေမယ်ဆို ဖုန်းဖိုးနဲ့ မွဲမှာ သေချာတယ် (ခိခိ)
အော် ..................ဟားဟား

:P
online မှာ ပရိတ်သတ်တွေ..သူငယ်ချင်းတွေနဲ့ စကားပြောရင်လည်းစိတ်ထွက်ပေါက်ရပါတယ်ဗျ


ဟုတ် ပါတယ်

ကိုဇေရဲ အနေနဲ့ ခုလို ဂီတ အနုပညာ လမ်းခရီး ကို လျှောက်လှမ်းခြင်း အားဖြစ် မိဘ ဆွေမျိုး သား ချင်းများ အနေနဲ့အားမကျသေးဘူးလို့ ထင်ရပါတယ် ဟုတ်ပါလား ။ Rebirth သီချင်းလေးကို နားထောင်မိလို့ မေးကြည့်တာပါ ။
မအောင်မြင်ခင်ကာလမှာတော့ဒီလောက်တော့ရှိမှာပေါ့ဗျာ ...။


သီချင်းတိုင်းမှာ စိတ်ခံစားချက် နှစ်ထားပြီး တီးဆိုခဲ့တာလား ဒါမှ မဟုတ် ဒီသီချင်း တစ်ပုဒ် မြန်မြန် ပြီး အောင်လေ ဆိုပြီး တီးခဲ့တာပါလား
တက်နိုင်သလောက်တော့ကြိုးစားထားတာပါ...............Player တွေ ညီအစ်ကိုတွေကလည်းလိုချင်တဲ့ပုံစံလေးကိုရအောင်တီးခတ်ပေးကြပါတယ်ဗျငွေရောင်လက်စွပ်သီချင်းကတော့ ကျွန်တော်ခံစားချက်နဲ့ တစ်ထပ်တည်းကျပါတယ်

ဒါကြောင့်မို့ထင်ပါတယ် အဲ့သီချင်းက ကျွှန်တော့် ရင်ထဲထိ ရောက်သွားတာ

ပရိပ်သက်တွေလည်း လက်ခံပေးလိမ့်မယ် ထင်ပါတယ်
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်

ကျွန်တော် သီချင်းအားလုံးကို အမြဲတမ်းလေးလေးနက်နက် ဖန်တီးသွားမှာပါ


ဟုတ်ကဲ့

အခုလို.. သီချင်းလေးတွေ ဆိုဖြစ်လာတာ.. ဘယ်က စလဲ သိချင်ပါတယ်.
ဇေရဲကငွေထုပ်ကိုင်ပြီးဒီလောကထဲဝင်ခဲ့တာမဟုတ်ပါဘူး

ကျွန်တော် Undergound ကတက်လာတာပါ


အဲ့ဒီ Underground ဆိုတာ ဘာကို ပြောချင်တာပါလဲ..
သိပါရစေ..
UG ဆိုတာ ကျွန်တော်တို့သီချင်းလေးတွေကို ပရိတ်သတ်တစ်ယောက်ပဲဖြစ်ဖြစ် နှစ်ယောက်ပဲဖြစ်ဖြစ်

ကို Sample သဘောအဖြစ်ပေးတာလေးကိုဆိုလိုတာပါ
သူတို့လက်ခံလာပြီဆိုရင်
တစ်ဖြေးဖြေးနဲ့ ပရိတ်သတ်လေးတွေရလာတာပေါ့


ဟုတ်ကဲ့ ..
အဲ့လို ပေးတဲ့ အခါ.. တုန့်ပြန်မှုလေးတွေ အပေါ် ဘယ်လိုများ ခံစားခဲ့ရသလဲ..
သိပါရစေ.
နောက်ပိုင်း ကိုယ့်သီချင်းလေးတွေ သူတို့လက်ခံလာပြီဆိုရင်တော့ ၀မ်းသာတာပေါ့

လက်မခံဘူးဆိုရင် ဘာတွေလိုအပ်လဲကိုယ့်ကိုပြန်သုံးသပ်ပြီး ပြင်ဆင်စရာရှိတာပြင်ဆင်ဖို့ပဲကြိုးစားပါတယ်


လက်ခံသူ နဲ့.. လက်မခံသူ.. ဘယ် အတိုင်းအဆလောက် ကွာခြားခဲ့ပါသလဲ.. အစဦးပိုင်းနဲ့.. အခု ချိန်ထိပေါ့နော်....
ဘယ်အရာကမှ အတိအကျတွက်ယူလို့မရပါဘူး

ကျွန်တော် တင်းတိန်ရောင့်ရဲပါတယ်
ဒါပေမဲ့ လက်မခံတဲ့သူရှိသေးရင်လည်း အဲဒီလူလက်ခံလာအောင် ကြိုးစားသွားမှာပါ


ဟုတ်နိုင်ပါ့မလား ခင်ဗျာ....ခုလောက် အောင်မြင်လာပြီးမှတော့.. တွက်ယူလို့ မရဘူးဆိုတာ သေချာတယ်လို့ ကိုဇေရဲ ပြောလို့ ရပါ့မလား...
ပရိတ်သတ်ကိုတိုင်းတွာခွင့်မရှိဘူး..........စိတ်ဆိုးခွင့်မရှိဘူး...........ကြိုးစားခွင့်ပဲရှိပါတယ်
ဟုတ်ကဲ့..လူတိုင်းစေ့ လက်ခံလာနိုင်မယ်လို့ မျှော်လင့်ပါသလား ခင်ဗျာ.. ဖြေနိုင်မယ် ဆိုရင်ပေါ့.. မဖြေချင်လဲ ချန်ထားနိုင်ပါတယ် ခင်ဗျာ.
ကျွန်တော် ကိုယ့်ကိုယ်ကို အောင်မြင်ပြီလို့မယူဆထားပါဘူး

လူတိုင်းစေ့တော့ လက်ခံ
နိုင်အုန်းမှာမဟုတ်သေးပါဘူး
ကျွန်တော်မပြောနဲ့ Hip Hop ကိုတောင်လူတိုင်းကလက်မခံသေးဘူး


ဟုတ်မှာပါဗျာ

ဂီတ ဆိုတာက အနုပညာနဲ့ ပေါင်းဆပ်ထား တာဆိုတော့
အနုပညာနဲ့ ဂီတ အပေါ် ကိုဇေရဲ အနေနဲ့ ဘယ်လို ကွဲပြားခြားနားတယ်လို့ထင်ပါလည်း
အနုပညာလည်း ဖန်တီးတာပဲ ဂီတကလည်းဖန်တီးတာပဲ ရုပ်ရှင်ကလည်းဖန်တီးတာပါပဲ အဲဒီတော့ အားလုံးက ဖန်တီးမှုတွေချည်းပါပဲဗျာ

အခေါ်အဝေါ်တွေသာပြောင်းသွားတာပါ


ကိုဇေရဲ အကြောင်းလေး ပြောပြနိုင်မလား ပြောပြချင်တာမျိုး ရှိခဲ့မယ်ဆိုရင်ပေါ့

ပုံမှန်ထမင်းစားရေသောက်လူတစ်ယောက်လိုပုံမှန် လှုပ်ရှားနေတဲလူတစ်ယောက်ပါပဲ



လိုရင်းတိုရှင်းပါပဲလား ဘာလည်း အိမ်က မိန်းမက ခုလို မေးလာရင် ပြန်မဖြေနဲ့လို မှာ ထားတယ်ထင်တယ် ဟိဟိ
အာဖွဟဲ့................မိန်းမမပြောနဲ့ယင်မတောင်မသန်ဖူးဘုး....................
ခါခါ ချရတယ် ဆိုပါစို့(ဖုန်တွေလေ)
ဒါပေမဲ့ ကျွန်တော် ယင်မ အသန်းခံချင်နေတာ မခါချဘူး

ဟိုက်ရှားပါးးးး ဖြစ်ရမယ်

နားနားဘေးမှာ သီချင်း က အပြင်မှာကော် အွန်လိုင်းမှာရော ပေါက်သွားတာဆိုတော့ အဲ့ သီချင်းလေး အပေါ် ရင်ထဲက ခံစား ရမှူ့လေးကို ပြောပြပေးပါဦး

အစ်ကိုနားလည်ပေးပါ..............

ပရိပ်သက်တွေက မေးနေပြီး ကိုယ်တိုင်ခံစားချက်လားတဲ့
သီချင်းတိုင်းက ခံစားချက် ပါမှလုပ်လို့ရတယ်လို့ကျွန်တော်ပြောဖူးပါတယ်
ကို ဇေရဲ က ခု ဆိုရင် တော်တော်လေး အောင်မြင်လာပြီး ဆိုတော့ ပရိပ်သက်တွေက လည်း အားပေး ချစ်ခင် ကြပါလိမ့်မယ်လို့ မျှော်လင့်ပါတယ် .. ။ပရိပ်သက်ကို ဘာများ စကား လက်ဆောင် ပေးခဲ့ချင်ပါသေးလည်း
လေးစားမှု VCD အပြင် ကျွန်တော်လုပ်နိုင်သရွေ့ သီချင်းတွေကိုလုပ်သွားပါ့မယ်

ပရိတ်သတ် အများဆုံးလက်ခံနိုင်တဲ့ သီချင်းတွေကိုပဲ ကျွန်တော် လုပ်သွားမှာပါ
ပရိတ်သတ် တွေကိုလည်း ကျွန်တော် အမြဲစောင့်ကြည့်နေပါတယ်................ကျွန်တော်ကိုလည်းအမြဲစောင့်
ကြည့်နေပေးပါ
လိုအပ်တာရှိရင်လည်းဆုံးမပါလို့
ကျွန်တော်ဖက်က
တောင်းဆိုပါတယ်
Ever Respect >>~~ Zay Ye`~~့


ဟုတ်ကဲ့ ခုလို မအားတဲ့ ကြားကနေ ပြီးတော့ သီခံပြီး ဖြေဆိုပေးသွားသော ကိုဇေရဲ ဒီထက်မက အောင်မြင်မှူ့တွေ တပွေ့တပိုက်ကြီးနဲ့ လိုအင်ဆန္ဒပန်းတိုင်သို့ အရောက်လှမ်းနိုင်ပါစေ ဒီနေရာကနေ ပဲ နီဂုံး ချုပ် အဆုံးသက်လိုက်ရပါတယ်ခင်ဗျာ ။

ကျေးဇူးတင်ပါတယ်အစ်ကို

နောက်ပိုင်း ကဏ္ဍတွေမှာလဲ ထပ်ပြီးတွေဆုံချင်ပါသေးတယ် ..။



နောက်အပက်မှာ နောက် တစ်ယောက်နဲ့ နောက်တစ်ခါ နောက်တမျိုး အသစ်ဆန်းဆန်းလေးနှင့် ပရိပ်သက်များကို မိတ်ဆက်ပေး ပါဦးမည်း အားလုံးပဲ ကျေနပ် နှစ်သိမ့်နိုင်ကြပါစေ ခင်ဗျာ .......... ။

★အန်လ်အယ်လ်အက်စ်☆。

Views: 1514

အမျိုးအစား: အင်တာဗျုး

မှက်ချက်ပေးမယ်

မှက်ချက်ပေးရန်အတွက် ဆိုဒ်တွင်မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ပြီးသူဖြစ်ပါကလည်း MM Flash Songs တွင်းဝင်ရောက်ထားရန်လိုအပ်ပါတယ်

MM Flash Songsသို့အဖွဲ့ဝင်မယ်

aungsoemoe.love@gmail.com မနေ့မှရေးခဲ့သောမှတ်ချက်

ကောင်းပါတယ်

ကောင်းပါတယ် ကြိုက်လဲကြိုက်တယ်

ချစ်ရင်ပြော တနင်္လာနေ့တုန်းကမှရေးခဲ့သောမှတ်ချက်

kozayyeအောင်မြင်းပါစေး

ကေဇင် တနင်္ဂနွေနေ့ တုန်းကမှရေးခဲ့သောမှတ်ချက်

အွန်လိုက်ချစ်သူ ဆိုတဲ့သီချင်းကိုအရမ်းကြိုက်ပါတယ် ဒိထက်မကအောင်မြင်ပါစေရှင့်

1:06pmမှာဧပြီလ 19, 2012 တွင် leomyo2010 မှရေးခဲ့သောမှတ်ချက်

လွမ်းပိုင်ကိုရော်မေးပေးပါ။သင်္ကြန်တော်ကတွေ.ခဲ.တဲ.ညီလေးပါလို. Naing Group မှာတွေ.ခဲ.တာမှတ်မိသေးလားလို.

7:28pmမှာဧပြီလ 12, 2012 တွင် zin maung maung မှရေးခဲ့သောမှတ်ချက်

zayye ko ahh my

1:07pmမှာဧပြီလ 11, 2012 တွင် ဟန်နီမင်း မှရေးခဲ့သောမှတ်ချက်

်လွှမ်းပိုင် ကိုလည်း ဗျူးပေးပါနော်

3:33pmမှာဧပြီလ 9, 2012 တွင် စိုင်းနောင် မှရေးခဲ့သောမှတ်ချက်

ကိုဇေရဲ ရဲ့ငါ့နေရာသီချင်းကိုအရမ်းကြိုက်ပါတယ်။

8:52pmမှာမတ်လ 31, 2012 တွင် စာသားညီ မှရေးခဲ့သောမှတ်ချက်

ဇေရဲကို အမြဲအားပေးမယ်

9:28pmမှာမတ်လ 30, 2012 တွင် ကောင်းချစ် မှရေးခဲ့သောမှတ်ချက်

ကိုဇေရဲကိုကြိုက်တယ်ဗျာ

12:03pmမှာမတ်လ 28, 2012 တွင် su myat မှရေးခဲ့သောမှတ်ချက်

bunny phyo  တို့ကိုမေးပေးပါဦး

About

Double Tun created this Ning Network.

♪♫ လမ်းညွှန်လင့်များ

All Flashsongs Songs Pages

 

ဓါတ်ပုံများ

Loading…

© 2012   Created by Double Tun.

Badges  |  ပြဿနာတခုခုတင်ပြရန်  |  Terms of Service