MM Flash Songs

Flash Music Social


ပုံပြင်လေးတစ်ပုဒ်ပြောပြမယ် တကယ့်ပုံပြင်ပေါ့ဗျာ ..... ပုံပြင်လေးရဲ့ ဇတ်လမ်းအစမှာတော့ ဒီလို .... ...  ။


မမကောင်လေး


Girl Flashsongs လင့်


ငါ့လိုလူ


mp3 ဒေါင်းဖို့  သီချင်းတွေ တင်ထားပေးလိုက်ပါတယ်   သီချင်းနာမည်များကို  ကလစ်၍ ဒေါင်းလော့ရယူနိုင်ပါသည်။

တကယ့်ပုံပြင်
ဘဝပျက်ခဲ့သူ
ရင်ခွင်
မိုး
Girl
မမကောင်လေး
ငါ့လိုလူ


 ဟဲလို မင်္ဂလာပါ ခင်ညာ ။

မင်္ဂလာပါ.

မေးမယ်နော် ဖြေပေါ့ ။

ဟုတ်ကဲ့ ပါ။

ကိုရိုးရာ ရဲ့ ရိုးရာ ဖြစ်ခဲ့ပုံ လေးကို ပြောပြ ပေးပါဦး ခင်ဗျာ နာမည် အရင်းကကော် ဘာများပါလည်း ။

ရိုးရာဆိုတဲ့ နာမည်ကြိုက်လို့ပေးထားတာပါ. .နာမည်အရင်းက.သက်အောင်ပါ..

 အကိုရိုးရာ က အွန်လိုင်း ကနေ တဆင့် လူသိ များခဲ့တာလား ဒါမှ မဟုတ် အခွေ ထွက်ပြီးသာ ရှိပါလား ခင်ဗျာ ။
အွန်လိုင်းက.ပါ

 တကယ့်ပုံပြင် တွေ ပြောပြော တက်နေတဲ့ ရိုးရာ တစ်ယောက် တကယ့်ပုံပြင်နဲ့ အင်တာနက် ပေါ်မှာ နာမည် ကြီးသွားတယ်လို့ ထင်မိပါတယ် ဟုတ်ပါလား ။

အင်း.အကိုလည်း.အဲလိုဘဲထင်တာဘဲ.။

ခု နောက်ဆုံး ဆိုထားတဲ့ ဘဝပျက်ခဲ့သူ သီချင်း လေးကကော် ရင်တွင်းဖြစ်များလား သိပါရစေ ခင်ဗျာ ။
ဒါပေါ့..မူးပြီးရေးထားတာလေ :D

ရိုးရာ ဟာ နာမည်တစ်လုံး ရနေပါပြီး အဲ့ဒီအပေါ် ပရိပ်သက်တွေရဲ့ လက်ခံအာပေးမှူ့ကို ကျေနပ်နှစ်သိမ့် နိုင်ပါလား ဆက်ပြီး ဘာတွေ ကြိုးပမ်း ဆောင်ရွက် ဖို့ ရှိပါ သေးလည်းခင်ဗျာ။

နာမည်ကတော့မရလောက်သေးဘူးထင်ပါတယ်.ဆက်ပြီးကြိုးစားအုံးမှာပါ.သီချင်းတွေလုပ်နိုင်သရွှေ့ပေါ့လေ

 ရိုးရာ ရဲ့ ဂန္တဝင် ရိုရာဇတ်လမ်းလေး ကို ပြောပြ စေချင်ပါတယ် ဖြတ်သန်းရာ ဘဝ တစ်လျှောက် အခက်အခဲ များနဲ့ ပျော်စရာ အဖြစ်အပျက်လေး များပေါ့ ။
သီချင်းလုပ်ရတာတော့မလွယ်ဘူး.အခက်အခဲတွေလည်းများကြီးဘဲ.ပျော်စရာကတော့သီချင်းဆိုပြီးတိုင်း
ပျော်ပါတယ် :)

မျှော်လင့် ခဲ့တာ ရှိ လား စွန့်လွတ် ခဲ့ရတာ မျိုးကော် ရှိ ပါလား ။
မျှော်လင့်ခဲ့တာက.အချစ်၊စွန့်လွတ်ခဲ့တာက.ပျော်ရွှင်မှု၊.သေချာတော့ရှင်းမပြတော့ဘူးနော် :D

လက်တလော အနုပညာ လှုပ်ရှားမှူ့လေးကို ပြောပြပါဦး လား ။

အခုMixtapeလေးလုပ်နေတယ်.တော်တော်ကြာနေပြီ.ထွက်တော့ထွက်ဖြစ်ခါနီးပါပြီ.ထွက်ဖြစ်ရင်အားပေး

ပါအုံး :D

ဆက်ပြီးတော့ ကိုရိုးရာ လျှောက်လှမ်းစဲ လမ်းခရီး မှတ်တိုင် တစ်ခုဖြစ်တဲ့ ဦးတည်ရာ ပန်းတိုင် ကို သိပါရ ခင်ဗျာ ။
အခုလုပ်နေတဲ့ဂီတနဲ့အတူအောင်မြင်ချင်တယ်.နာမည်ကြီးတော့မဖြစ်ချင်ပါဘူး။
:P

သီချင်းတိုင်းမှာ ကိုယ်ပိုင် ခံစားချက်မျိုးနဲ့ ကြေကွဲ ခဲ့ရတာမျိုး ရှိပါလား ။

သီချင်းတိုင်းလိုလိုခံစားချက်ပါတယ်.ခံစားရ၊ကြေကွဲရတာများလို့သီချင်းဆိုဖြစ်သွားတာ :D

 တကိုယ်တော် သီချင်းတွေ ပဲ ဆိုဖြစ်လား ဒါမှမဟုတ် တွဲဆိုဖူးတဲ့ သီချင်းများ ရှိပါလား ။
တစ်ယောက်တည်းလည်းဆိုဖြစ်တယ်.သူငယ်ချင်းတွေနဲ့လည်း.တွဲဆိုဖြစ်ပါတယ်.မိန်းခလေးသယ်ရင်း

တွေနဲ့တော့မဆိုဖူးသေးဘူး

အတူတူ ဆိုချင်တဲ့ အဆိုရှင် အားအကျရဆုံး အလေးစားရဆုံး အဆိုတော် ကို ပရိပ်သက်များ အနေနဲ့ သိရအောင် ကိုရိုးရာက ပြောပြပေးပါဦး ။

အတူတူဆိုချင်တဲ့သူတွေတော့အများကြီးဘဲ.ပြောပြရင်ကုန်မှာမဟုတ်ပါဘူး :)၊ကိုယ့်ထက်တော်တဲ့

တတ်တဲ့သူမှန်သမျှကို.အကိုလေးစားပါတယ်. :)

ကိုရိုးရာ အနေနဲ့ ဂီတ အနုပညာ လောက အပေါ် ထင်မြင်ချက် နှင့် ဝေဖန်ချင်တာမျိုး ရှိပါလား ။
အင်း.ကိုယ့်ကိုကိုယ်.အပြစ်ကင်းအောင်မနေနိုင်သေးလို့မဝေဖန်ရဲသေးဘူး..လူတိုင်းက.ကိုယ့်ခံယူချက်

နဲ့ကိုယ်လုပ်နေကြတာဘဲလေ............?

သံစဉ်လှိုင်း ကမ္ဘာထဲ သို့ စတင်ဝင်ရောက်ဖြစ်ခဲ့ပုံနှင့် ခုနှစ်လေးကို သိပါရစေခင်ဗျာ
အင်း.၂၀၀၉ကုန်ခါနီးလောက်ကထင်တယ်..၁၂လပိုင်းလောက်ကစ၀င်ဖြစ်တာပါ

သီချင်းဆိုတာကို ဘယ်အရွယ်ကထဲ လောက်က ဝါသနာ ပါခဲ့တာပါလည်း ။
။ပြောရရင်တော့.ရီစရာပါ.ကောင်မလေးတစ်ယောက်ကြောင့်.ဆိုဖြစ်သွားတာ.

အခုတော့မဆိုရ၊မရေးရ၊ရင်.မနေနိုင်တော့ဘူး :D

တခြားသော အနုပညာ လောကထဲက ဘာများ စိတ်ဝင်တစား ဝါသနာပါတာ ရှိပါသေးလဲ ။

မရှိသလောက်ပါဘဲ.Muzicတစ်ခုတည်းဘဲ.လုပ်ဖြစ်မယ်ထင်တယ်.

ကိုရိုးရာ ရဲ့ တစ်နေ့တာ လှုပ်ရှားမှူ့ အစီအစဉ် လေးတွေကို သိပါရစေ ။

မနက်၁၂လောက်မှအိပ်ရာနိုးတယ်.သွားချင်တဲ့နေရာသွား.တယ်.ထမင်းစားချိန်ပြန်စားတယ်.ညဆို

သီချင်းလုပ်တယ်. ပုံမှန်တော့ ည ၁၂ နာရီလောက်ပြန်အိပ်တယ်.တစ်ခါတစ်လေ.မိုးလင်းပေါက်.သီချင်းလုပ်ဖြစ်
ပါတယ်။

 ကြိုးစားမှူ့တိုင်းမှာ အောင်မြင်မှူ့ဆိုတာ ရှိမြဲရှိနေလျက်ပါ ကိုရိုးရာရဲ့ ဂီတ လောက အပေါ် ခံယူချက်လေးကို ပြောပြပေးပါဦး ။
ဟုတ်ပါတယ်.ကြိုးစားသမျှဟာ.တစ်နေ့တော့.လူရာဝင်လာမှာပါ.အခုလောလောဆယ်တော့ပိုက်ဆံမရှိ

လို့.လူရာမ၀င်သေးဘူး...... ကိုယ်ပြောချင်တာကိုယ်ပြောတာနော် :D

အဆိုတော် တစ်ယောက် မှာ အရေးအကြီးဆုံးက အသံပေါ့နော် အသံပိုင်းကို ဘယ်လို ဂရုတစိုက် စောင့်ရှောက်ပါလည်းခင်ဗျာ ။

အင်း.မလုပ်ဖြစ်ပါဘူး..သီချင်းဆိုတိုင်းဆေးလိပ်ကသောက်ဖြစ်တယ်. ဂရုတစိုက်တော့မလုပ်ဖြစ်ဘူး
ပြီးတော့.အသံကောင်းရုံတစ်ခုတည်းနဲ့လည်း.သီချင်းကောင်းတစ်ပုဒ်မဖြစ်နိုင်ဘူးလေ.သီချင်းကောင်း

တစ်ပုဒ်ဖြစ်ဖို့.အခြားသောပံ့ပိုးမှူတွေလည်းလိုအပ်ပါတယ်။

သီချင်း ဆိုနေ တုန်းမျိုးမှာတို့ သီချင်း တိုက်နေတုန်း အချိန်မျိုးမှာတို့ အသံဝင်တာ အသံပျက်တာ တို့ ကြုံဖူးပါလား ။ အဲ့ခါကျ ဘယ်လို ပြင်ဆင်မှူ့များ ပြုလုပ်ခဲ့ရပါလည်း ။

အင်းကြုံဖူးပါတယ်...ဆိုလိုရရင်ဆိုလိုက်တယ်.မရတော့လည်း.နောက်တစ်နေ့ပေါ့ :D

 အကိုရိုးရာ ရဲ့ ရင်ခုန်သံ ရင်ခုန်ဘက် ချစ်သူများ ရှိလားမသိဘူး ပရိပ်သက်တွေ သိချင်သလို ကျွှန်တော်လည်း ပဲ သိချင်လို့ပါ ။
ချစ်သူတော့.ရှိတယ်..အကိုချစ်တဲ့သူ..တစ်ဖတ်သတ်ပေါ့.ဘယ်တော့မှပေါင်းစည်းလို့မရတဲ့သူ၊

ကိုမှချစ်မိတာ.အဲဒီတော့.လူပျိုကြီးဖြစ်နေတယ်လို့.ဆိုလိုချင်တာပါ :D

 အဆိုတော် တစ်ယောက်အနေနဲ့ အချစ်ဆိုတာကို ဘယ်လို ဆုံးဖြတ်နာခံ လိုက်နာပါလည်း တစိတ်လောက် သိပါရစေ ။

အချစ်ဆိုတာ.က.ထူးဆန်းတယ်.ဘာမှန်းကိုမသိတဲ့ခံစားမှုကြီး.လူတိုင်းကတော့အမျိုးမျိုးသုံးသပ်ကြတယ်

အကိုက.ရင်ဘတ်သေနေတုန်းမို့လို့..ပြောမပြတက်သေးဘူး။

အားလပ်ချိန်မျိုး များမှာ လုပ်လေ့လုပ်ထ ရှိတဲ့ ဖြစ်စဉ် တစ်ခုလောက် ပြောပြနိုင်မလား ။
သီချင်းနားထောင်ပါတယ်.။

ဘယ်သူမှ လည်း မသိဘူး ကိုယ်ကိုယ်တိုင်ကလည်း သတိမပြုမိပဲနဲ့ အမြဲလိုလို မလုပ်ဖြစ် တဲ့ အလုပ် တစ်ခု ရှိပါလား ။
မေးခွန်းကိုသိပ်နားမလည်လို့.မရှိဘူးလို့ဘဲဖြေလိုက်တော့မယ်နော် :D

အကို့ရဲ့ စိတ်ဝင်စား မှူ့ တစ်ခုခုလောက် ဘာများ စိတ်ဝင်တစား အလေး ထားရတာမျိုးရှိပါလည်း ။
သိဘူးဗျ. :D

 အကို့ကို ပရိပ်သက်များက မေတ္တာစကား လက်ဆောင် ပေးချင်လို့ပါတဲ့ ဆက်သွယ်လို့ ရနိုင်မဲ့ လိပ်စာလေး ပေးခဲ့ပါလား ။

yoeyar.cc@gmail.com

 ခုလက်ရှိ နေရပ်ကို ပြောပြပေးပါဦး ။

အခုနေတာက.မိဘအိမ်နဲ့.သူငယ်ချင်းအိမ်.မိဘအိမ်က.ကြည့်မြင်တိုင်မှာ.သယ်ရင်းအိမ်က.ပုဇွန်တောင်မှာပါ။

 အကို့ရဲ့ အသက်က ဘယ်လောက်ရှိပါပြီးလည်း ။
၂၁ပါ..

ဂီတ အနုပညာ တစ်လမ်းထဲ ပေါ် ရပ်တည် နေတာ မျိုးလား ဒါမှ မဟုတ် တခြား အလုပ်များ ရှိပါလား ကျောင်းတက်တုန်းလား။
Muzic စလုပ်တုန်းတည်းက.ကျောင်းရောအလုပ်ရောအကုန်ဖြတ်လိုက်ပါတယ်.muzicတစ်ခုတည်းဘဲ.

လုပ်ဖြစ်ပါတယ်.

 အကို့ ရဲ့ ဝတ်စားဆင်ယင် မှူ့ စတိုင်လေးကို တစိတ်လောက် ပြောပြပေးပါဦး ။
ဝတ်ချင်သလိုဝတ်တယ်.လိုက်မယ်ထင်ရင်ဝတ်တယ်.စတိုင်ကတော့ဂွမ်းပါတယ် :D

 ပရိပ်သက် အတွက် အားဆေးဖြစ်စေမဲ့ စကားလက်ဆောင် တစ်ခွန်းလောက် ။

တစ်ချို့သူတွေက.ရိုးရာ.ဟာ.မာနကြီးတယ်တဲ့.အဲလိုပြောခံရရင်.ကျွှန်တော်နာတယ်ဗျ.

ကျွှန်တော်က.အောက်ခြေကနေ.လာတာပါ.မာနမကြီးတက်သလို.ဘ၀င်လည်းမမြင့်တက်ပါဘူး
ကျွှန်တော်ကစကားပြောတာတော့နည်းတယ်.တစ်ခုဘဲပြောပြချင်ပါတယ်.သယ်ရင်း(ပရိတ်သတ်)

တွေကို..ပရိတ်သတ်လက်ခုပ်သံဟာ.ကျွန်တော့်အတွက်.အားဆေးဖြစ်စေသလို..
ကျွှန်တော်သီချင်းတွေဟာလည်း.ပရိတ်သတ်အတွက်.အားဆေးဖြစ်လာအောင်.ကျွန်တော်ကြိုးစားမှာ
ပါလို့။
တော်တော်လည်း မောသွားပါဦးမယ် ဒီနေ့တော့ဒီမျှနဲ့ပဲ ဇတ်သိမ်းလိုက်ပါတော့မယ် ခုလို မေးသမျှကို အလေးထား ဖြေကြားပေးသော အကို ရိုးရာ ကို အထူးတလည် ကျေးဇူးတင်ရှိပါ၏ ။
အကိုလည်း.ကျေးဇူးတင်ပါတယ်.



ပရိပ်သက်တွေ ကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို ထင်ပါတယ်  နောက်အပက်မှာလည်းပဲ  အစီအစဉ် သစ်လေးတွေနဲ့   အစီစဉ်ကောင်းများကို  တင်ဆက်ပေးသွားပါမယ်  စောင့်မျှော် အားပေးကြပါဦး ကျေးဇူးတင်ပါတယ် .. ။

Views: 626

အမျိုးအစား: အင်တာဗျုး

မှက်ချက်ပေးမယ်

မှက်ချက်ပေးရန်အတွက် ဆိုဒ်တွင်မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ပြီးသူဖြစ်ပါကလည်း MM Flash Songs တွင်းဝင်ရောက်ထားရန်လိုအပ်ပါတယ်

MM Flash Songsသို့အဖွဲ့ဝင်မယ်

10:47amမှာဧပြီလ 21, 2012 တွငိုပိုးလေး မှရေးခဲ့သောမှတ်ချက်

အကို  အကို့သီချင်းတွေကို ကြိုက်တယ်သိလား  နားထောင်လို့လည်း ကောင်းတယ်  သိလား                                                  အကို  ကဘ၀င်မမြင့်တတ်ဖူးလို့ေ၇းထားတယ်နော်    ကောင်းပါတယ် အဲလိုစိတ်ကိုသဘောကျတယ်     အကို ကြိုးစားနော်  ဘိုင်းဘိုင်း

4:45pmမှာဧပြီလ 5, 2012 တွင် phyoe မှရေးခဲ့သောမှတ်ချက်
မောင်လေး ဆက်ကြိုးစားပါ။
အောင်မြင်ပါစေနော်။
အားပေးနေမယ်။
11:06amမှာမတ်လ 7, 2012 တွင် ကြယ်စင်မိုး မှရေးခဲ့သောမှတ်ချက်
အကိုရိုးရာအကောင်.ကိုမြတ်နိုးအပ်ထားပါတယ်နော်..။
အကိုသိချင်းတွေကိုမြတ်နိုး ကြိုက်ပါတယ်...
မြတ်နိုးအကောင်.ကိုလက်ခံမယ်လို.မျှော်လင်.ပါတယ်..။
အကို အောင်မြင်ပါစေနော်...
6:13pmမှာမတ်လ 1, 2012 တွင် နန်းပိုလေး မှရေးခဲ့သောမှတ်ချက်

ဟိုင်းပါ ကို၇ိုး၇ာ...မိတ်ဆက်ပါတယ်နော်..ကိုကဂျီတော့အကောင့်ဥု့းတယ်ဆို၇င်ဂျီတော့အကောင့်ထဲမှာပဲချက်ချင်တယ်..အကောင့်နာမည်ပေးထားလိုက်မယ်နော်..

glorypolay@gmail.com.............ခင်ချင်လို့ပါ

8:51amမှာဖေဖော်ဝါရီလ 24, 2012 တွင် ၀ိုင်းဝိုင်း မှရေးခဲ့သောမှတ်ချက်
ရိုးရာ ရေ ..............
အောင်မြင်ပါစေရှင် ...........................
ထာဝရ အားပေးနေမယ်နော်
10:48amမှာဖေဖော်ဝါရီလ 3, 2012 တွင် Spy_linlat မှရေးခဲ့သောမှတ်ချက်

ကို ရိုးရာရဲ့ သီချင်းထဲမှာ.. ( တကယ့်ပုံပြင် )..အသဲခွဲသူ ~~ ပြီးတော့ ( မမကောင်လေး ) အဲ့ဒီ့သီချင်းတွေကို အရင်းသီပြီး အရမ်းကောင်းပါတယ် လိုက်လည်း လိုက်တယ် ကိုရိုးရာ ဒီ့ထက် ကြိုးစားစေချင်တယ်.....နော်

5:02pmမှာဇန်န၀ါရီလ 16, 2012 တွင် မောင်မင်းမင်း မှရေးခဲ့သောမှတ်ချက်

ကျွန်တော်ကို သီချင်းလေးတွေပို့ ပေးကြပါလား သူငယ်ချင်တို့  ရေ...............................

4:30pmမှာဇန်န၀ါရီလ 16, 2012 တွင် မောင်မင်းမင်း မှရေးခဲ့သောမှတ်ချက်
အကိုရိုးရာ မင်္ဂလာပါနော်
4:30pmမှာဇန်န၀ါရီလ 16, 2012 တွင် မောင်မင်းမင်း မှရေးခဲ့သောမှတ်ချက်
အကိုရိုးရာ မင်္ဂလာပါနော်
7:07amမှာဇန်န၀ါရီလ 16, 2012 တွင် ♥´*•♫ happygirl♥´*•♫ မှရေးခဲ့သောမှတ်ချက်

ကိုရိုးရာ ဒီထက်မက အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

About

Double Tun created this Ning Network.

♪♫ လမ်းညွှန်လင့်များ

All Flashsongs Songs Pages

 

ဓါတ်ပုံများ

Loading…

© 2012   Created by Double Tun.

Badges  |  ပြဿနာတခုခုတင်ပြရန်  |  Terms of Service