MM Flash Songs

Flash Music Social

 

MM Flash Songs မှ Mail များ မ၀င်လာစေချင်ရင်




မိမိ Mail များကို စစ်သည့်အခါ မိမိ ၀င်ထားသော Ning Network မှ စာများ များပြားစွာ ၀င်ရောက်နေသည်ကို တွေ့ လျှင် စိတ်ရှုပ်ထွေးတတ်ကြပါတယ်...

 

ဒါကြောင့် မိမိ Mail များကို ဘယ်လို တားနိုင်တာတယ်ဆိုတာကို သိရှိနိုင်ရန် ရေးသားပါမယ်...

 

လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကို ပုံတွင် ပြထားသည့်အတိုင်း လုပ်ဆောင်သွားပါ…


Email များကန့် သတ်ရန်ကို ၀င်လိုက်လျှင် တွေ့ ရမဲ့ မြင်ကွင်းပါ...

 

MM Flash Songs မှ မျှဝေတဲ့စာကို မလိုချင်ရင် MM Flash Songs ဆီမှစာများ ဆိုတဲ့နေရာမှာ Tick အမှတ်အသားကို ဖြုတ်ထားရမှာပါ...

မိမိက အဖွဲ့ တစ်ခုကို ၀င်ထားလျှင် အဲဒီ့အဖွဲ့ က ပို့ သမျှစာတွေ ၀င်နေမှာပါ... မ၀င်စေချင်ရင် မိမိအဖွဲ့ များမှ စာများ နေရာမှာ Tick အမှတ်အသားကို ဖြုတ်ထားရမှာပါ... 

 

 

 

ဖြစ်တတ်တာက မိမိက တစ်စုံတစ်ယောက်ရေးသော အကြောင်းအရာမှာ မှတ်ချက်ရေးခဲ့တယ်ဆိုပါစို့ ... မိမိမှတ်ချက်ပေးခဲ့သောအကြောင်းတစ်ခုခုတွင် ဆိုတဲ့နေရာမှာ Tick လုပ်ထားရင် သူများမှတ်ချက်ပေးနေတယ်ဆိုတဲ့စာတွေက ကိုယ့် Mail ထဲကို ၀င်နေတာ တော်တော်လေးကို အနှောင့်အယှက်ဖြစ်တတ်ပါတယ်... Mail Control ကို မသိရင် မှတ်ချက်ကို မပေးရဲအောင် ဖြစ်နေမှာပါ...

တကယ်လို့  မိမိမှတ်ချက်ပေးခဲ့သော အကြောင်းတစ်ခုခုတွင် ဆိုတဲ့နေရာမှာ Tick ကို ဖြုတ်ထားတယ်ဆိုရင်တော့ Mail ၀င်လာစရာ အကြောင်းမရှိပါဘူး...

 

နောက်တစ်ခုက မိမိအဖွဲ့ တစ်ခုခုတွင် လှုပ်ရှားမှုရှိနေရင် Mail ၀င်လာတတ်ပါတယ်..

မိမိအဖွဲ့ တစ်ခုခုတွင် ဆိုတဲ့နေရာမှာ Tick ကို ဖြုတ်ထားရင်တော့ အဖွဲ့ လှုပ်ရှားမှုတွေရဲ့ Mail တွေ ၀င်လာမှာ မဟုတ်ပါဘူး...

ဒီနေရာမှာ အဖွဲ့ ခေါင်းဆောင်ကတော့ Tick လုပ်ထားဖို့  လိုမှာပါ... ဒါမှ သူ့ အဖွဲ့ မှာ တစ်စုံတစ်ယောက် လှုပ်ရှားမှုလုပ်တာကို သိမှာပါ...

 

တကယ်လို့ များ မိမိဝင်ထားတဲ့ Ning Network မှ ဘာစာကိုမှ လက်မခံချင်ဘူးဆိုရင်တော့ -

 

 

MM Flash Songs မှ Mail အားလုံး လက်မခံလိုပါဆိုတာကို Tick (အမှန်ခြစ်) ပေးပြီး သိမ်းရန် ကို Click လုပ်လိုက်တာနဲ့  သင့်ထံသို့  MM Flash Songs မှ မည်သည့်စာမှ သင်လက်ခံရရှိတော့မည် မဟုတ်ပါ…


 ကွန်ပျူတာကို အသုံးပြုရင်း နည်းပညာကိုလည်း ကျွမ်းကျင်နားလည်ကြပါစေ…

 

 

 

 

 

လွမ်းဧကရီ

၁၄-၁၀-၂၀၁၁
စာရေးပြီးချိန် နံနက် ၁၂း၃၂ နာရီ



 

Views: 1069

အမျိုးအစား: နည်းပညာ

မှက်ချက်ပေးမယ်

မှက်ချက်ပေးရန်အတွက် ဆိုဒ်တွင်မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ပြီးသူဖြစ်ပါကလည်း MM Flash Songs တွင်းဝင်ရောက်ထားရန်လိုအပ်ပါတယ်

MM Flash Songsသို့အဖွဲ့ဝင်မယ်

4:01pmမှာမေလ 6, 2012 တွင် tinaungtun မှရေးခဲ့သောမှတ်ချက်

ကျွန်တော် ဒီပို့စ်လေး ကျွန်တော့်မေးလ်ထဲရောက်တာကြာနေပြီ..ဒါပေမယ့် ကျွန်တော် မဖတ်ဖြစ်ဘူး..သိပ်အရေးမကြီးပါဘူး..ဆိုပြီးတော့လေ...မေးလ်တွေစစ်ကြည့်တဲ့အခါကျတော့ တစ်နေ့ပြီးတစ်နေ့ နည်းတဲ့ဟာမဟုတ်တော့အရေးကြီးတဲ့မေးလ်တွေကို ပြန်ရှာဖို့လည်း အခက်အခဲဖြစ်လာတယ်..အဲဒါကြောင့်မလို့ ကို ဖတ်ချင်တာလေးတွေ သိချင်တာလေးတွေရှိရင်ပဲ မန်ဘာထဲဝင်ပြီး ဖတ်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်...ပျော်စရာကောင်းပြီး ဗဟုသုတလည်း ရပါတယ်....လူငယ်ပီပီ သီချင်းလေးတွေလည်း အဆင်သင့်နားထောင်လို့ရနေတာကလည်း အရမ်းအဆင်ပြေပါတယ်..." ရွှေ " တွေအကုန်လုံး နိုင်ငံတကာကနေစုစုစည်းစည်းရှိနေတာကိုက ပျော်စရာလေးပါ...ဒီလိုလေးပဲ အမြဲကြာရှည်တည်တံ့ပါစေ......

10:00amမှာမတ်လ 22, 2012 တွင် Aprilnyeinlay မှရေးခဲ့သောမှတ်ချက်

ကျေးဇူးအများကြိးတင်ပါတယ်နော်  မမလွမိး

11:46pmမှာမတ်လ 8, 2012 တွင် aungaungahboy မှရေးခဲ့သောမှတ်ချက်

အခုလိုပြောပြပေးတဲ.အတွက်ကျေးဇူးပါနော် မမလွမ်း

12:54amမှာဖေဖော်ဝါရီလ 20, 2012 တွင် အာကာမိုးတိမ် မှရေးခဲ့သောမှတ်ချက်

ကျေးဇူးတင်ရှိပါတယ်

2:12pmမှာဖေဖော်ဝါရီလ 8, 2012 တွင် minmin@gmail.com မှရေးခဲ့သောမှတ်ချက်

ကျေးဇူးတင်ပါတယ် ခင်ဗျာ

3:45pmမှာဇန်န၀ါရီလ 17, 2012 တွင် futurelovestar94 မှရေးခဲ့သောမှတ်ချက်

ကျေးဇူးအများကြီးတင်ပါတယ်နော်

7:57pmမှာဇန်န၀ါရီလ 6, 2012 တွင် koe si မှရေးခဲ့သောမှတ်ချက်

Thanks friend.

8:03pmမှာဒီဇင်ဘာလ 20, 2011 တွင် နေမျိုးခိုင် မှရေးခဲ့သောမှတ်ချက်

ကျေးဇူးတင်ပါတယ်...

10:23amမှာနိုဝင်ဘာလ 26, 2011 တွင် Poan မှရေးခဲ့သောမှတ်ချက်

a ku hma di tay...thanks....

12:04pmမှာနိုဝင်ဘာလ 7, 2011 တွင် chue မှရေးခဲ့သောမှတ်ချက်
သူကိုအရမ်းတွေချင်တယ်

About


Admin
Double Tun created this Ning Network.

♪♫ လမ်းညွှန်လင့်များ

All Flashsongs Songs Pages

 

ဓါတ်ပုံများ

Loading…

© 2012   Created by Double Tun.

Badges  |  ပြဿနာတခုခုတင်ပြရန်  |  Terms of Service