MM Flash Songs

Flash Music Social

Ning Network နည်းပညာ အပိုင်း(၁)

Blog Post တင်နည်း


 

ဒီနေ့ တော့ စာရေးတင်သူများအတွက် Ning Network မှာ ဘယ်လိုစာတင်ရတယ်ဆိုတာ ရှင်းပြချင်ပါတယ်…


အကြောင်းအရာတစ်ခုကို ဆွေးနွေးချင်တယ်ဆိုရင်တော့ ဖိုရမ်များ ထဲမှာ ၀င်ရောက် ရေးသားရမှာ ဖြစ်ပါတယ်…


Forum ဆိုတဲ့ အဓိပ္ပါယ်ဟာ Place for public discussionပါ… 

 

မြန်မာလို ပြောရရင် ဆွေးနွေးကြရမဲ့ နေရာလေးပါ… ဒီတော့ ဖိုရမ်များထဲမှာ မိမိဆွေးနွေးလိုတဲ့ အကြောင်းအရာကိုသာ တင်သင့်ပါတယ်… ဒါမှ မိမိတင်တဲ့ ဆွေးနွေးတဲ့အကြောင်းအရာအပေါ် ကျန်တဲ့ MM Flash Songs မိသားစုဝင်များပါ ပါဝင်ဆွေးနွေးကြမှာပါ…

 

ဒါပေမဲ့ အငြင်းပွားဖွယ် အကြောင်းအရာများကိုတော့ တင်ခွင့်ပြုမှာ မဟုတ်ပါဘူး…


စာတစ်ပုဒ်ကို ဘယ်လိုတင်ရတယ်ဆိုတာ လွမ်းရေးထားတဲ့ သေတမ်းကဗျာ ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို နမူနာယူပြီး တင်ပြပါမယ်…


၁။ မိမိကဗျာကို Microsoft Word (သို့ မဟုတ်) Note Pad တို့ မှာ ရေးသားထားရင် ပိုကောင်းပါတယ်…

စာတင်တဲ့နေရာမှာ တိုက်ရိုက်ဝင်ရေးလို့ လည်း ရပါတယ်…


၂။ စာတင်တော့မယ်ဆိုရင် မိမိ Profile Photo အောက်မှာ ရှိတဲ့ ဘလော့ပို့ စ် ဆိုတာကို ကလစ်ပြုလုပ်လိုက်ပါမယ်…

ပင်မစာမျက်နှာမှာ ရှိတဲ့ ဘလော့တင်ရန် ဆိုတာကို ကလစ်ပြုလုပ်ရင်လည်း ရပါတယ်…


၃။ ဘလော့ပို့ စ် အသစ်ထပ်တင်ရန် ဆိုတဲ့ စာမျက်နှာကို ရောက်သွားတဲ့အခါ မဖြစ်မနေ ရေးသင့်တာကတော့ ခေါင်းစဉ်ရေးရန် နေရာမှာ မိမိရေးသားတဲ့စာရဲ့ ခေါင်းစဉ်ကို ရေးကြရမှာပါ…

မိမိရေးသားထားသောကဗျာကို ထည့်ရန်အတွက် ရိုးရိုးတိုက်ရိုက်တင်ရန် ဆိုတဲ့ Tab ကို Click ပြုလုပ်ပါ...

 

၎။ မိမိရေးသားထားသောကဗျာကို စာကိုယ်ထဲမှာ ထည့်ပါမယ်... ကဗျာကို Center Align လုပ်ရေးရင် လှပါတယ်...

 

 

၅။ မိမိရေးသားထားသောကဗျာကို Select All ပြုလုပ်ထားပြီး ကဗျာရဲ့ Size ကို ရွေးပါမယ်...

 

၆။ မိမိရေးသားထားသောကဗျာအတွက် စာသားအရောင်ကို ရွေးချယ်ပါမယ်...

အောက်ခံအရောင်ပေါ်တွင် ပေါ်လွင်သောအရောင်ကို ရွေးချယ်သင့်ပါတယ်...

 

Size နဲ့  အရောင်ပြောင်းထားပြီးပုံကို မြင်တွေ့ ရမှာပါ...

၇။ ကဗျာနှင့်သက်ဆိုင်သော ပုံထည့်မယ်ဆိုရင် ပုံထည့်မည့်နေရာတွင် Cursor ကို ချထားပါ...

ပြီးမှာ ပုံတွင်ပြထားသည့်အတိုင်း Image ဆိုတာကို Click ပြုလုပ်ပါ...

 

ပုံထည့်ပြီးဖြစ်တာကို တွေ့ ရမှာပါ...

 

 

၈။ အားလုံးပြီးစီးသည့်အခါ မိမိရေးထားသောကဗျာကို Code ဖြင့်ကြည့်လိုပါက HTML ဖြင့်တင်ရန် (သို့ ) ကြည့်ရန် ဆိုတဲ့ Tab ကို Click လုပ်ကြည့်ပါ... ပုံတွင်ပြထားသည့်အတိုင်း မြင်တွေ့ ရပါမည်...

 

 

၉။ တင်တော့မည်ဆိုပါက အမျိုးအစား နေရာတွင် ကဗျာ ဟုရေးသားဖော်ပြရပါမည်...

မိမိကဗျာ၏ အနေအထား၊ အရောင်၊ စာလုံးပေါင်းများကို စစ်ဆေးရန်အတွက် ပြန်ကြည့်ရန် ကို Click ပြုလုပ်ပါ...

စိတ်ကြိုက်ဖြစ်ပြီဆိုမှ ပို့ (စ်)အတည်ပြုမယ် ဆိုတာကို Click ပြုလုပ်ပါ...



္ကဤနမူနာအတိုင်း ကျန်သောစာများတင်လျှင်လည်း အသုံးပြုနိုင်ပါသည်...

 

Flash Song များတင်သူများအနေဖြင့် ခေါင်းစဉ်ရေးရန် နေရာတွင် မိမိပြုလုပ်ထားသည့် သီချင်းခေါင်းစဉ်များကို ရေးသားသင့်ပါသည်။

 

ခေါင်းစဉ်မပါပါက စာကိုယ်မှ စာများက ခေါင်းစဉ်နေရာတွင် ရောက်သွားတတ်သည့်အတွက် လွန်စွာ ကြည့်ရဆိုးပါသည်။

 

အင်တာနက်အသုံးပြုရင်း ကွန်ပျူတာနည်းပညာများတိုးတက်နိုင်ကြပါစေ...

 

 

 

 

လွမ်းဧကရီ

၀၇-၀၈-၂၀၁၁

ည ၁၀း၁၅ နာရီ

Views: 899

အမျိုးအစား: ning-manage

မှက်ချက်ပေးမယ်

မှက်ချက်ပေးရန်အတွက် ဆိုဒ်တွင်မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ပြီးသူဖြစ်ပါကလည်း MM Flash Songs တွင်းဝင်ရောက်ထားရန်လိုအပ်ပါတယ်

MM Flash Songsသို့အဖွဲ့ဝင်မယ်

8:18amမှာမေလ 20, 2012 တွင် thethe မှရေးခဲ့သောမှတ်ချက်

ကျေးဇူးတင်ပါတယ်

8:29pmမှာဧပြီလ 15, 2012 တွင် ♥ Flashsound Lover♥ မှရေးခဲ့သောမှတ်ချက်

လိုသလိုသာတင်ဖြစ်ခဲ့ပါတယ် ဘလော့တိုင်းကိုပေါ့လေ..............။

7:42pmမှာဧပြီလ 5, 2012 တွင် chanMyay မှရေးခဲ့သောမှတ်ချက်

ကျေးဇူးတင်ပါတယ်

9:48pmမှာဖေဖော်ဝါရီလ 22, 2012 တွင် မိုးနက် မှရေးခဲ့သောမှတ်ချက်

ပညာမျှဝေပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်

4:46pmမှာဖေဖော်ဝါရီလ 9, 2012 တွင် ထွန်းထွန်းနိုင် မှရေးခဲ့သောမှတ်ချက်

နာလဲဘယောတင် ကြည့်မှဘဲညော်

3:40pmမှာဇန်န၀ါရီလ 2, 2012 တွင် စိုးသက်အောင် မှရေးခဲ့သောမှတ်ချက်

ကျေးဇူးပါ

10:10pmမှာဒီဇင်ဘာလ 10, 2011 တွင် သိန်းဇော် မှရေးခဲ့သောမှတ်ချက်

လွမ်းဧကရီရေ ကျေးဇူးနော်။ ကျနော် လွမ်းပြောတဲ့အတိုင်း လုပ်ကြည့်ပါမည်။

11:27pmမှာနိုဝင်ဘာလ 28, 2011 တွင် ဇင်မင်းဦး မှရေးခဲ့သောမှတ်ချက်

ကျေးဇူးတင်ပါတယ်

8:52pmမှာနိုဝင်ဘာလ 24, 2011 တွင် mgmg မှရေးခဲ့သောမှတ်ချက်

ကျေးဇူးပါ

5:15pmမှာနိုဝင်ဘာလ 17, 2011 တွင် Min Min မှရေးခဲ့သောမှတ်ချက်

ဒီနည်းပညာလေးကိုဖော်ပြပေးတဲ့ မလမ်းရေ
ကျေးဇူးပါဗျာနော်။

About


Admin
Double Tun created this Ning Network.

♪♫ လမ်းညွှန်လင့်များ

All Flashsongs Songs Pages

 

ဓါတ်ပုံများ

Loading…

© 2012   Created by Double Tun.

Badges  |  ပြဿနာတခုခုတင်ပြရန်  |  Terms of Service