Flash Music Social
အွန်လိုင်းအချစ်ကို ယုံကြည်ပါသလား
လွမ်းတို့ တွေ အွန်လိုင်းအချစ်ကို ယုံကြည်လား၊ မယုံကြည်ဘူးလားဆိုတာ ဆွေးနွေးကြရအောင်နော်...
လွမ်းအရင်ဆုံး စဆွေးနွေးပါ့မယ်...
Gtalk သုံးတဲ့သူတွေဟာ မိမိခင်မင်တဲ့သူတွေနဲ့ ပြောတာကြာလာတဲ့အခါ စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာပါတယ်...
အားတဲ့အချိန်လေးတွေမှာ ကိုယ်ခင်တဲ့သူနဲ့  ပြောနေရင်းကနေ သံယောဇဉ်တွေဖြစ်လာပြီး နောက်ဆုံးမှာ ချစ်သူဖြစ်သွားတာပါ...
တစ်ဦးနဲ့ တစ်ဦး အပြင်မှာ မတွေ့ ဖူးပဲ အွန်လိုင်းမှာပဲ ချစ်သူဖြစ်သွားကြသလို အွန်လိုင်းမှာ ချစ်သူဖြစ်ပြီး အပြင်မှာ တွေ့ ဆုံကြသူတွေလည်း ရှိပါတယ်...
အပြင်မှာ တွေ့ ဆုံပြီး ဆက်လက်ချစ်သူဖြစ်ပြီး နှစ်ဖက်မိဘ သဘောတူညီမှုနဲ့  လက်ထပ်သွားကြတဲ့ ချစ်သူတွေလည်း ရှိပါတယ်...
အပြင်မှာ တွေ့ ဆုံပြီး ချစ်သူသက်တမ်းတိုတိုလေးမှာပဲ လမ်းခွဲလိုက်ကြတဲ့ ချစ်သူတွေလည်း ရှိပါတယ်...
ဒါကြောင့် အွန်လိုင်းအချစ်ကို ယုံသင့်လား၊ မယုံသင့်ဘူလားဆိုတာ ခက်ပါတယ်...
အွန်လိုင်းကို အသုံးချပြီး လိမ်လည်နေသူတွေလည်း များပြားပါတယ်...
ကျောင်းနေစဉ် အွန်လိုင်း Chatting လုပ်တာကိုတော့ အားမပေးချင်ပါ...
ကျောင်းနေစဉ်မှာ ပညာရေးကိုပဲ ဦးစားပေးပြီး ပညာရေးနဲ့ ပတ်သက်တဲ့ Learning Website များကိုသာ အသုံးပြုသင့်ပါတယ်...
လွမ်း..တစ်ချိန်က အွန်လိုင်းချစ်သူထားခဲ့ဖူးပါတယ်...
လူတစ်ယောက်အပေါ်မှာ ချစ်တဲ့စိတ် ခံစားချက်နဲ့  ချစ်တယ်လို့  ပြောခဲ့ဖူးပါတယ်...
ဒါပေမဲ့ တကယ်တန်း ဘ၀အဖော်မွန်အဖြစ်တော့ လက်တွဲဖို့  သတ္တိမရှိခဲ့ပါဘူး...
ဒါဆို ဘာလို့  ချစ်သူအဖြစ်ထားသေးလဲ လို့  ပြစ်တင်ဝေဖန်နိုင်ပါတယ်...
လွမ်း ချစ်တာ ဘာကြောင့်လဲဆိုတာ အကြောင်းပြချက်မရှိပါဘူး...
လွမ်းတို့ နှစ်ယောက် ဘယ်သူက စလမ်းခွဲမှန်းမသိ ဝေးကွာသွားတာ ခုချိန်ထိပါပဲ...
လွမ်းအတွက် ရင်နာစရာကောင်းတဲ့ ကဗျာတွေ ဖတ်ရပါတယ်...
လွမ်းအတွက် စိတ်ထိခိုက်စေတဲ့ သီချင်းလေးတွေ ပို့ ပေးပါတယ်...
လွမ်းကို အွန်လိုင်းချစ်သူ ပေးခဲ့တဲ့ သီချင်းလေးကို Flash Song လုပ်ထားတာ နားထောင်ရင်း သူငယ်ချင်းတို့ ရဲ့ ဆွေးနွေးချက်လေးတွေကို သိချင်ပါသေးတယ်...
လွမ်းလည်း လာရောက်ဆွေးနွေးပေးပါ့မယ်...
လွမ်းဧကရီ
အမျိုးအစား: ဆွေးနွေးချက်
Permalink ဖေဖော်ဝါရီလ 22, 2012 တွင် 10:31pm အချိန်မှာ နေမင်းခ မှပြန်လည်ပြောဆိုချက် လွမ်း၇ဲ့ေ၇းထားတဲ့အကြောင်းအ၇ာလေးကကိုယ်နဲ့အ၇မ်းတိုက်ဆိုင်တာပဲဖြစ်နိုင်ပါတယ်ကိုယ်ကချစ်မိတာဆိုတော့လဲဘယ်တတ်နိုင်မလဲနော်.......

ဟုတ်ကဲ့ပါ...
Permalink မတ်လ 3, 2012 တွင် 6:44pm အချိန်မှာ ချစ်စု မှပြန်လည်ပြောဆိုချက် အင်းဟုတ်တယ်နော်ချစ်တယ်ဆိုတဲ.စကားကသူတို.လွယ်ကြလို.နေမှာပေါ.နော်ချစ်စုကတော.လွမ်းရေးတာနဲ.တိုက်ဆိုင်လို.မျက်ရည်တောင်ကျမိတယ်

ထောက်ခံတယ်ပေါ့...
Permalink ဖေဖော်ဝါရီလ 22, 2012 တွင် 10:56pm အချိန်မှာ htunnaing မှပြန်လည်ပြောဆိုချက်
ကျွန်တော်ပြောကြည့်မယ်လေ....သိသလောက်ပေါ့ဗျာ..အချစ်ဆိုတာစိတ်ခံစားမှုတခုပါ...ဒါပေမယ့်အခြားသောခံစားမှုတွေလိုမဟုတ်ပဲ....
အာရုံစိုက်တာများပြီးခံစားချက်ပြင်းထန်တဲ.အရာလို.ထင်ပါတယ်...
အဒိအချစ်မှာ...သိသလောက်ပေါ့...ကျွှန်တော.ယူဆချက်ပေါ.လေ...သူ.ကကိုယ့်ကိုစိတ်ဝင်စားတယ်ဆိုရင်ကိုကလည်းပြန်တော.စိတ်ဝငိစားမိတာပဲ
မဟုတ်လား...အဒိကမှခံစားချက်ချင်းတူပြီးအပေးအယူမျှသွားတဲ.သဘောပါ...အဒိတော.အိန်လိုင်းကလည်းချစ်လို.ရနိုင်ပါတယ်...
ဒါပေမယ့်အချစ်ခံစားမှုဟာဘာနဲ.မှမရောပဲသူ.ဘာသာသူထားလိုက်ရင်ကောင်းပါတယ်...ရောသွားရင်ရဌပ်ရော...
ဥပမာ...ရခြင်းမရခြင်း...ယူခြင်းမယူခြင်းကအချစ်နဲ.မဆိုင်ဘူးလေ...
အိမ်ထောင်ပြုတယ်ဆို..စိတ်ခံစားချက်သက်သက်မှမဟုတ်တာ...အချစ်ဆိုတာချစ်နေရုံလေးပါ...

သူငယ်ချင်းဆွေးနွေးတာလေးကို သဘောကျမိပါတယ်...
မှန်ပါတယ်... လွမ်းချစ်တဲ့အချစ်မှာ ရယူပိုင်ဆိုင်လိုခြင်းမရှိပါဘူး...
အွန်လိုင်းချစ်သူနဲ့  ပတ်သက်ပြီး ခုချိန်ထိ ခံစားနေရဆဲပါပဲ...
တကယ်တော့..အချစ်ဆိုတာ မျက်စိမပါခဲ့လေတော့..အရမ်းခက်ခဲတဲ့ အရာတစ်ခုပါ
လူတိုင်းဟာ..အချစ်ဆိုတဲ့အရာကို ပိုင်ဆိုင်ရယူချင်တဲ့ ဆန္ဒကိုယ်စီနဲ့ပါ ဒါပေမယ့်
ကံကြောင့်ဆုံစည်းခဲ့သလို ကံကြောင့်ခွဲခွာရပြန်တယ်...online မှာပဲဖြစ်ဖြစ် အပြင်လက်တွေ့ကျကျပဲဖြစ်ဖြစ်ပေါ့
ကံကြုံရင် ပြန်ဆုံရမှာပါ....စိတ်ဓာတ်ကျစရာ မလိုပါဘူး.....မျှော်လင့်ချက်နဲ့အသက်ရှင်နေသူပါ....။

ဖူးစာရှင်မှန်ရင် လက်တွဲဖော်ဖြစ်လာမယ်လို့  ယုံကြည်ပါတယ်...
မျှော်လင့်နေပါ့မယ်...
အစ်ကိုပြောတာမှန်တယ်နော် ညီမလည်း ဒီလိုပဲ ခံစားမိတယ်
Permalink ဖေဖော်ဝါရီလ 23, 2012 တွင် 1:34am အချိန်မှာ kyaesinkha မှပြန်လည်ပြောဆိုချက် ဘယ်လို အချစ်မျိုး မဆို အချစ်စစ်ရင် တန်ဖိုးရှိပါတယ် နော်
Permalink ဖေဖော်ဝါရီလ 23, 2012 တွင် 1:37am အချိန်မှာ kyaesinkha မှပြန်လည်ပြောဆိုချက် အချစ်ဆိုရင် တန်းဖိုးရှိပါတယ်
အပြင်တွေ အတွင်းတွေက အေ၇းကြီးလို့လား




Permalink ဖေဖော်ဝါရီလ 23, 2012 တွင် 1:39am အချိန်မှာ kyaesinkha မှပြန်လည်ပြောဆိုချက် ငါလည်း မြတ်နိုးကို ချစ်တယ်
♥ Flashsound Lover♥ တင်သွင်းခဲ့သည် 0 မှတ်ချက် 1 ဦးကြိုက်ထားသည်
♥ Flashsound Lover♥ တင်သွင်းခဲ့သည် 0 မှတ်ချက် 1 ဦးကြိုက်ထားသည်
♥ Flashsound Lover♥ တင်သွင်းခဲ့သည် 0 မှတ်ချက် 1 ဦးကြိုက်ထားသည်
မင်း တင်သွင်းခဲ့သည် 0 မှတ်ချက် 1 ဦးကြိုက်ထားသည်
© 2012 Created by Double Tun.